၇ နိုဝင်ဘာ

 

စီးပွားရေး အခွင့်အလမ်း အများဆုံး ဖန်တီးပေးသည့် ဂျပန်ကုမ္ပဏီများကို ကူညီရန် ဂျပန်နိုင်ငံနှင့် တောင်အာဖရိက နိုင်ငံတို့မှ တာဝန်ရှိသူများ အတူတကွ လုပ်ဆောင်နေကြသည်။

 

အဆိုပါ ကော်မတီ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဂျိုဟန်နက်စ်ဘတ်တွင် ယမန်နေ့က ကျင်းပခဲ့သည်။

 

ယခုထက် စီးပွားရေး ပိုမိုတိုးတက်ရေးအတွက် ရင်းနှီးမြှပ်နှံရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်းနှင့် ထောက်ခံဖို့ အဆင်သင့်ဖြစ်ကြောင်း  တောင်အာဖရိက သမ္မတ စီရယ်လ်ရာမို့စ်ဆာ က ပြောကြားခဲ့သည်။

 

တောင်အာဖရိကတွင် ဂျပန်ကုမ္ပဏီ ၁၃၀ ခန့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသည်။ ထိုကုမ္ပဏီ အများအပြားက ကြိုးနီစနစ်နှင့် ပတ်သက်ပြီး ညည်းညူကြသည်။

 

ဂျပန်နိုင်ငံ သံအမတ် နိုရီအို မာယူရာမာ က သမ္မတ ရာမို့စ်ဆာ ထံ အကူအညီ တောင်းခံခဲ့သည်။

 

တောင်အာဖရိက နိုင်ငံတွင် ကြီးမားသော ဈေးကွက် ဖြစ်နိုင်ခြေရှိကြောင်း ရှုမြင်ကြကာ ကမာ္ဘတစ်ဝှမ်းမှ ကုမ္ပဏီများသည် အစုရှယ်ယာ ရယူရန် ယှဉ်ပြိုင်ကြသော်လည်း ဂျပန်ကုမ္ပဏီများသည် နောက်ကျ ကျန်ရစ်သည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို