၈ နိုဝင်ဘာ
တရုတ်နိုင်ငံမှာ လူငယ်တွေ အွန်လိုင်းဂိမ်းကစားခြင်းကို စွဲလမ်းနေတဲ့အတွက် အဲဒါကို တိုက်ဖျက်ရန် တရုတ်အစိုးရက ကလေးငယ်တွေ အွန်လိုင်းကစားခြင်းကို အချိန်ကန့်သတ်ထားတဲ့ ကာဗျူးအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အသက် ၁၈ နှစ်အောက်လူငယ်တွေဟာ မနက် ၈ နာရီမှ ည ၁၀ နာရီအတွင်း အွန်လိုင်းကစားခွင့်မရှိဘဲ နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၉၀ သာ ကစားခွင့်ရှိကြောင်း၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အွန်လိုင်းကစားရာမှာ တစ်လကို တရုတ်ငွေ RMB ၂၀ဝ သာ သုံးစွဲခွင့်ရှိပြီး အသက် ၁၆ နှစ်ကနေ ၁၈ အထိ လူငယ်တွေအတွက် တစ်လလျှင် တရုတ်ငွေ RMB ၄၀ဝ သာ ခွင့်ပြုကြောင်း စည်းမျဉ်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စည်းမျဉ်းသစ်မှာ ဂိမ်းကစားသူတိုင်း နာမည်အစစ် နဲ့ မှတ်ပုံတင်လုပ်ရန်လိုအပ်ခြင်း၊ WeChat အကောင့်၊ ဖုန်းနံပါတ် သို့မဟုတ် သက်သေခံကတ်နံပါတ် စတဲ့အသေးစိတ်တွေ ဖော်ပြပြီးမှသာ အွန်လိုင်းဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဂိမ်းထုတ်လုပ်သူတွေကိုလည်း လူငယ်တွေ ဂိမ်းမစွဲစေဖို့ ဂိမ်းမှာပါဝင်တဲ့ အချက်အလက်တွေကိုလည်း ပြောင်းပေးရန် အစိုးရရဲ့ ထုတ်ပြန်ချက်စည်းမျဉ်းထဲမှာ ပါရှိပါတယ်။
ဆိုရှယ်မီဒီယာ Weibo ပေါ်မှာ အခုအသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းနဲ့ပတ်သက်ပြီး ဆွေးနွေးချက်တွေကို ကြည့်ရှုသူ သန်း၂၁၀ ရှိကြောင်း မနေ့က စာရင်းအရ သိရပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းဟာ ဆယ်ကျော်သက်အရွယ် ဂိမ်းကစားသူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဆယ်ကျော်သက်ရွယ်တွေဟာ ကျောင်းကို မနက် ၆ နာရီခွဲ ကနေ ည ၁၀ နာရီအထိ သွားဖို့ လိုအပ်တဲ့အတွက်ဖြစ်တယ်လို့ ဆယ်ကျော်သက်ရွယ်တစ်ဦးက ပြစ်တင်ပြောဆိုပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်းဈေးကွက်ဖြစ်ပေမယ့် တရုတ်အစိုးရက ကလေးသူငယ်တွေရဲ့ ကျန်းမာရေး ၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ အွန်လိုင်းကစားခြင်းကို စွဲလမ်းသွားမှာကို စိုးရိမ်တဲ့အတွက် အခုလို တင်းကြပ်တဲ့ စည်းမျဉ်းတွေ ပြဌာန်းလိုက်တာဖြစ်ပါတယ်။
MDN
ကိုးကား - AFP


