မြင်းမူ ၉ နိုဝင်ဘာ
နိုဝင်ဘာလ (၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၂၄)မိနစ်၊ တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင်(၂၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြင်းမူမြို့၏ အရှေ့မြောက်ဘက် (၁၃)မိုင်ခန့်အကွာ) တွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၀၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၇)ဒီဂရီ၊ အနက်(၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။
MDN


