နေပြည်တော် ၁၁ နိုဝင်ဘာ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၅၄)မိနစ်၊ (၃၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင်(၃၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၃)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


