နေပြည်တော် ၁၃ နိုဝင်ဘာ
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် တောင်နောက်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကခန့်၊ ရီဝင်းကျေးရွာ၏ တောင်ဘက် ၃ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကခန့်နှင့် ဆိုင်ကန်ကျေးရွာ၏ မြောက်ဘက် ၂ ဖာလုံခန့် အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့်တို့အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


