၁၄ နိုဝင်ဘာ
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ရာစုနှစ် တစ်ဝက်အတွင်း အမြင့်ဆုံး ဒီရေတက်မှုကြောင့် ရေလွှမ်းမိုးကာ ယင်းမြို့၏ ထင်ပေါ်ကျော်ကြားသော နေရာအများစုသည် ရေအောက်တွင်ရှိသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က အီတလီမြောက်ပိုင်းမြို့ကို ၁၈၇ စင်တီမီတာ ဒီရေ မြင့်တက်ခဲ့သည်။ ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီရေမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၁၉၆၆ ခုနှစ်က ဒီရေ ၁၉၄ စင်တီမီတာ မြင့်တက်ခဲ့ပြီးနောက်ပိုင်း စံချိန်တင် ဒုတိယအမြင့်ဆုံး ဒီရေတက်ခဲ့ခြင်း ဖြစ်သည်။
ထိုမြို့၏ အနိမ့်ပိုင်းတွင် တည်ရှိသည့် ခရီးသွား ဧည့်သွားရာ နေရာတစ်ခုဖြစ်သော စိန့်မာ့ခ် ရင်ပြင်တွင် ဒူးအထက်အထိ ရေနစ်မြုပ် သွားလာနေသည့် လူများကို မြင်တွေ့နိုင်သည်။
ဗင်းနစ်မြို့တော်ဝန်က ယင်းကဲ့သို့ ဒီရေမြင့်တက်မှုမှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ကြောင်းနှင့် ထောက်ပံ့မှုပေးရန် အီတလီအစိုးရကို တောင်းဆိုခဲ့ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို


