၁၄ နိုဝင်ဘာ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပတ်ရှဝါမြို့တွင် ကြာသပတေးနေ့က အကြီးတန်း ရဲအရာရှိ တစ်ဦးသည် အမည်မသိ လက်နက်ကိုင် တစ်ဦး၏ ပစ်ခတ်မှုခံခဲ့ရပြီး သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါမြို့၏ ဆင်ခြေဖုံးရှိ ခမ်ကာနီဒေသ၌ ပတ်ရှဝါ အကြမ်းဖက် တိုက်ဖျက်ရေးဌာန ဒုတိယရဲမှူး၏ ကားကို မော်တော်ဆိုင်ကယ် စီးနေသော လက်နက်ကိုင် တစ်ဦးက ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိ Zahoor Afridi နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ထိုသေနတ်သမားသည် ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည်။
၎င်းပစ်ခတ်မှုကြောင့် စောင့်ကြပ်သူ တစ်ဦးနှင့် ထိုသေဆုံးသူ ရဲအရာရှိ၏ ကားသမား အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။
အာဏာပိုင်များက တာလီဘန် စစ်သွေးကြွများကို ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့် အုပ်စုကမျှ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။ ပါကစ္စတန် ဉပဒေ စိုးမိုးရေး တာဝန်ရှိသူများသည် စစ်သွေးကြွအုပ်စုများ၏ ပစ်မှတ်ဖြစ်နေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


