၁၅ နိုဝင်ဘာ

 

ယနေ့နံနက် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့က ပြောကြားခဲ့သည်။ ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

ဆူလာဝေစီ အရှေ့ဘက်ရှိ မော်လူကာ ပင်လယ်ပြင်တွင် ခန့်မှန်းခြေ အနက် ၄၅ ကီလိုမီတာတွင် အတွင်း ငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

 

အင်ဒိုနီးရှား ဘေးအန္တရာယ် စီမံခန့်ခွဲမှု အရာရှိများက ဆူနာမီ သတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဆူလာဝေစီ မြောက်ပိုင်းတွင် ၁၀ စင်တီမီတာ အမြင့်ရှိသော ဆူနာမီလှိုင်းများ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

 

ဆူနာမီ သတိပေးချက်ကို နှစ်နာရီခွဲ အကြာတွင် ရုပ်သိမ်းခဲ့သည်။

 

ငလျင်လှုပ်ပြီးတဲ့နောက် လျှပ်စစ်မီးလဲပြတ်သွားပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

 

ပျက်စီးဆုံးရှုံးမှုများ ရှိမရှိကို စုံစမ်းစစ်ဆေးရန် အာဏာပိုင်များက စီစဉ်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်