၁၅ နိုဝင်ဘာ
ပါလက်စတိုင်း ဂျီဟတ်အဖွဲ့သည် ဒုံးကျည်အသစ်များကို အစ္စရေးနိုင်ငံ အထဲသို့ ပစ်ခတ်ခဲ့သဖြင့် ယနေ့မနက် အစောပိုင်းတွင် အစ္စရေး စစ်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်စတင် လုပ်ဆောင်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ နေရာအနှံ့အပြားရှိ ပါလက်စတိုင်း စစ်သွေးကြွ တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး အဆောက်အအုံများကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသူ မရှိကြောင်း ပါလက်စတိုင်း လုံခြုံရေး သတင်းရင်းမြစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်း ဂျီဟတ်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက် တစ်ခုတွင် အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင် ဒေသရှိ စစ်သွေးကြွများက အစ္စရေးနိုင်ငံ တောင်ပိုင်းကို ကြာသပတေးနေ့ ညနေပိုင်းက ဒုံးကျည်များစွာ ပစ်လွှတ်ခဲ့ကြသည်။ ယင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသူ မရှိခဲ့ပေ။
ပါလက်စတိုင်း ဂျီဟတ်အဖွဲ့ အကြီးတန်းတပ်မှူး အဘူအယ်အတ်တာ အသတ်ခံရပြီးနောက် ဂါဇာ က အစ္စရေးကို ပြီးခဲ့သည့် အင်္ဂါနေ့က ဒုံးကျည်အစင်းပေါင်း ၁၉၀ ခန့် ပစ်လွှတ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


