mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

အနောက်နိုင်ငံတွေနဲ့ တူရကီတို့အကြား ဆက်ဆံရေးမပြေလည်မှုတွေရှိလာပေမယ့် တူရကီသမ္မတရဲ့ လက်ထဲမှာ နိုင်ကွက်တစ်ခုကိုင်ထားပါတယ်။ အဲဒါကတော့ တူရကီမှာ ထိန်းသိမ်းထားရတဲ့ အနောက်နိုင်ငံတွေကနေ ထွက်ပြေးလာပြီး အိုင်အက်စ်တို့နဲ့ ပူးပေါင်းခဲ့တဲ့ လူတွေပါပဲ။

 

ခြိမ်းခြောက်စကားဆို

 

အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းခဲ့တဲ့ အနောက်နိုင်ငံသားတွေကိုမူရင်း တိုင်းပြည်ဆီ ပြန်ပို့မယ်ဆိုပြီး တူရကီနိုင်ငံ ဘက်က မကြာသေးမီ အချိန်ကပဲ ကြေညာခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၁၁ ရက်မှာတော့ အိုင်အက်စ်တို့နဲ့ ပူးပေါင်းခဲ့တဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကို မူရင်းတိုင်းပြည်ဆီ ပြန်လည်ပို့ဆောင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့တူရကီသမ္မတရီဆတ်တေရစ် အာဒိုဂန်က တကယ် လို့များ အနောက်နိုင်ငံတွေက တူရကီနိုင်ငံကို ပိတ်ဆို့မှုတွေနဲ့အတူ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါက အိုင်အက်စ်အဖွဲ့ဝင်တွေလို့ ယူဆရသူတွေကို မူရင်းတိုင်းပြည်တွေဆီ ပြန်လွှတ်ပေးမှုတွေ ဆက်လက် လုပ်ဆောင်မယ်ဆိုပြီး ခြိမ်းခြောက် လိုက်ပါတယ်။

 

နယ်စပ်မှာသောင်တင်

 

တူရကီသမ္မတက အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ နိုဝင်ဘာ ၁၂ ရက်မှာတော့ ဥရောပသမဂ္ဂကို ဦးတည်ပြီး အခုလို ခြိမ်းခြောက်စကား ပြောဆိုခဲ့တာပါပဲ။ မြေထဲ ပင်လယ်အရှေ့ပိုင်းမှာ ခွင့်ပြုချက်မရဘဲ ဓာတ်ငွေ့တူးဖော်တဲ့အတွက် တူရကီအပေါ်  ဥရောပသမဂ္ဂက ပိတ်ဆို့မှုစနစ်တွေကျင့်သုံးခဲ့ပါတယ်။ တူရကီက ဖမ်းမိထားတဲ့အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေကို ပြန်ပို့မယ်လို့  ကြေညာထားပြီး တစ်ရက်အကြာမှာ အခုလို ပြောဆိုခဲ့တာပါပဲ။ ဖမ်းဆီးထားတဲ့သူတွေကို  နေရပ်ပြန်ပို့ဖို့ စီစဉ်တာကြောင့် ဥရောပနိုင်ငံတွေနဲ့ ချည်နှောင် ထားတဲ့ ဆက်ဆံရေးဟာလည်း အက်ကြောင်းထင်လာပါတယ်။ ဖမ်းဆီး  ထားတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို

နိုဝင်ဘာ ၁၁ ရက်က နယ်နှင်ဒဏ်ပေးခဲ့ပြီး  ဂရိ-တူရကီနယ်စပ်မှာ သောင်တင်နေပါတယ်။  ဂရိနယ်စပ်ရဲတွေကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေတဲ့အတွက် သောင်တင်နေရတာပါ။

 

မူရင်းတိုင်းပြည်အပေါ်မူတည်

 

တူရကီအာဏာပိုင်တွေကတော့ အဲဒီ အမေရိကန်နိုင်ငံသားဟာ လွန်ခဲ့တဲ့လအတွင်းက ဖမ်းမိခဲ့တဲ့ အိုင်အက်စ်တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်ပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ ဖမ်းမိခဲ့တာလို့ ပြောပါတယ်။ ဒတ်ချ်နိုင်ငံသား တွေကိုလည်း မူရင်းတိုင်းပြည်ကို ပြန်ပို့ဖို့ အတွက်လုပ်ဆောင်ရမှာပဲလို့သမ္မတ အာဒိုဂန် က ပြောလိုက်ပါတယ်။ အိုင်အက်စ်တိုက်ခိုက် ရေးသမားတွေကို ဖမ်းဆီးထားရတာ တူရကီ အပေါ် တာဝန်တစ်ခုလို ကျရောက်နေပြီး အခု အချိန်ကတော့ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ် ပေးဖို့ကတော့ မူရင်းတိုင်းပြည်တွေအပေါ် မူတည်သွားပြီလို့ သူကဆက်ပြောပါတယ်။ သူတို့က နယ်စပ်ကိုတိုက်ခိုက်ရင်လည်း ဒါဟာ တူရကီရဲ့ အရေးကိစ္စမဟုတ်တော့ဘူး။ မူရင်းတိုင်းပြည်တွေက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တူရကီကတော့ နယ်နှင် ဒဏ်ပေးရမှာပဲလို့ သူက ဆက်ပြောပါတယ်။

 

တူရကီဘက်က ငြင်းဆို

 

 ဂရိရဲတွေရဲ့ ထုတ်ပြန်ချက်အရတော့ တူရကီဘက်က အစောင့်အကြပ်တွေနဲ့ လိုက်ပို့တဲ့ အမျိုးသားတစ်ဦးမှာ နိုဝင်ဘာ ၁၁ ရက်က နယ်စပ်ကိုရောက်လာတယ်။ သူ့ရဲ့ ဗီဇာ သက်တမ်းကျော်နေတာကိုလည်း တွေ့ရ တယ်။ အဲဒီအမျိုးသားဟာ ဂရိနိုင်ငံဘက်ကို လည်းမဝင်ချင်ဘူး၊ ဒါကြောင့် တူရကီဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာပဲ အဲဒီအမျိုးသားဟာ ဂရိနယ်စပ် ကိုတစ်ဦးတည်း နောက်တစ်ကြိမ် ပြန်လာခဲ့ပြီး ဂရိနိုင်ငံဘက်ကို ဝင်ခွင့်တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် ဂရိဘက်က လက်မခံခဲ့ဘဲ ပြန်လွှတ် ခဲ့ပါတယ်။ အဲဒီအမျိုးသားကို ဖိအားသုံးပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်ဆိုတာကို တူရကီဘက် ကလည်း ငြင်းဆိုခဲ့ပါတယ်။ အဲဒီအမျိုးသား ကိုယ်တိုင်က အမေရိကန်ကို ပြန်တာ ထက် ဂရိနိုင်ငံဘက်ကို ဝင်ချင်တာလို့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့ နာမည် ကတော့ မူဟမ်မက်ဒါဝစ်ရှ်ဘီလို့ တူရကီမီဒီယာ တွေမှာ ဖော်ပြထားပါတယ်။ သူဟာ ဂျော်ဒန်ကနေ ဆင်းသက်လာပြီး အမေရိကန်ပတ်စ်ပို့ ကိုင်ဆောင် ထားသူလည်း ဖြစ်ပါတယ်။

 

အနောက်နိုင်ငံသားတွေကို ပြန်ပို့မယ်

 

တူရကီအရာရှိတွေကတော့ အဆိုပါ အမျိုးသားကို နယ်စပ်မှာ မီဒီယာသမားတွေနဲ့တွေ့ပြီး စကားပြောဆိုမှု မပြုအောင် ကြိုးစားခဲ့ကြပါ တယ်။ အန်ရာမြို့မှာရှိတဲ့ အမေရိကန်သံရုံး မှ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကိစ္စကို သူတို့ လည်း သတိထားမိတယ်လို့ ပြောပေမယ့် နောက်ထပ် အသေးစိတ်အချက်အလက်တွေ ပေးပို့ခဲ့ခြင်း မရှိပါဘူး။ အဆိုပါအမျိုးသားနဲ့ ပတ်သက်ပြီး ကောင်စစ်ဝန်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အိုင်အက်စ်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ ပြင်သစ်နိုင်ငံသား ၁၁ ဦး၊ မနီနိုင်ငံ သား ခုနစ် ( ဦးနဲ့၊ ဒိန်းမတ်နဲ့ အိုင်ယာလန်တို့က လူတွေကို လည်း နေရပ်ပြန်ပို့ဖို့အတွက် လုပ်ဆောင်မှုတွေကို အခုသီတင်းပတ်အတွင်းမှာ စတင်နေပြီဖြစ် တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။ ပြန်ပို့ဖို့ စီစဉ်နေတဲ့ ပြင်သစ်နိုင်ငံ သားတွေကတော့အမျိုးသမီးလေးဦးနဲ့ ကလေး  ခုနစ်ဦးပဲ ဖြစ်တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါ တယ်။

 

တိုင်းပြည်အတွင်းက နှင်ထုတ်

 

ကလေးငါးဦးမှာ အသက်လေးနှစ်အောက် တွေဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေ မာရီဒိုဆီက ပြောပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ပြင်သစ်နိုင်ငံကို ပြန်လိုပြီး နေရပ်ကိုပြန်ပို့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ ပြင်သစ်နိုင်ငံသား အမျိုးသမီးသုံးဦးကတော့ လွန်ခဲ့တဲ့လအတွင်းကမှ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အင်အစ်ဆာ ဒုက္ခသည်စခန်းက  လွတ်မြောက်လာတာဖြစ်ပြီး တူရကီနယ်စပ်ကို  ထွက်ပြေးလာတာ ဖြစ်ပါတယ်။ အပြည်ပြည် ဆိုင်ရာ ဖမ်းဝရမ်းအောက်မှာ၎င်းတို့ကို ဖမ်းဆီး ထားတာပဲ ဖြစ်ပါတယ်။ တူရကီကနေ ပြင်သစ် ကို နှင်ထုတ်တာ ဒါဟာပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်က သဘောတူညီချက်မှာ လက်မှတ်ထိုးပြီးကတည်းက အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ သူတို့ရဲ့ မိသားစု တွေဟာ ပြင်သစ်နိုင်ငံကို ပြန်ပို့တာ ခံရပါတယ်။ စက်တင်ဘာလအတွင်းကလည်း အမျိုးသမီး သုံးဦးနဲ့ ကလေးကိုးဦးကိုလည်း တိုင်းပြည် အတွင်းကနေ နှင်ထုတ်ခဲ့ပါတယ်။

 

ဥရောပအတွက်အချက်ပေးသံ

 

သမ္မတအာဒိုဂန်ရဲ့ အိုင်အက်စ်အကျဉ်းသား တွေကို ပြန်လွှတ်တာတွေ ဆက်လက်ဆောင် | ရွက်မယ်။ နောက်ပြီး ဆီးရီးယားဒုက္ခသည်တွေအတွက် ဥရောပကိုသွားရာ လမ်းဖွင့်ပေးမယ်လို့ ခြိမ်းခြောက်မှုဟာ ဥရောပအတွက် အချက်ပေးသံ မြည်လာတာပါပဲ။ နောက်ပြီး တူရကီ သမ္မတရဲ့ အမေရိကန်ခရီးစဉ်ဟာလည်း အဘက်ဘက်က မတူညီတဲ့ဖိအားတွေ ဖြစ်လာ နိုင်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်မှာတော့ အမေရိ ကန်သမ္မတထရမ့်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်သမ္မတထရမ့်နဲ့ တူရကီသမ္မတတို့ တွေ့ဆုံခဲ့ရာမှာတော့ခက်ခဲတဲ့ အကြောင်း အရာ တွေ ဆွေးနွေးခဲ့ကြပါတယ်။

 

မဆုံးဖြတ်ရသေး

 

တူရကီဟာ နေတိုးမဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပေမယ့် အမေရိကန်ထက် စာရင် ရုရှားနဲ့ ပိုမိုနီးကပ်မှုရှိပါတယ်။ နေတိုးအဖွဲ့ဝင်ဖြစ်သော် ငြားလည်း တူရကီဟာ ရုရှားထံကနေ လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူခဲ့ပါ တယ်။ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ရှိသော်ငြားလည်း ကုန်သွယ်ရေးမှာတော့ ချဲ့ထွင်မှုတွေရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ် ရေး ၁၀၀ဘီလီယံထိရောက်အောင် ကြိုးစားလို့ ရတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ရုရှားတို့ရဲ့  S-400 လေကြောင်းကာကွယ်ရေးစနစ် ဝယ်ယူတာနဲ့ပတ်သက်ပြီး ထရမ့်က သူ့ရဲ့ စိုးရိမ်မှုကို ပြောပြဖို့ စီစဉ်ခဲ့ပါတယ်။ တူရကီဘက်က  S-400 ဝယ်ယူခဲ့တဲ့အတွက် အမေရိကန်ရဲ့ တိုက်လေယာဉ်အစီအစဉ်ကို ရုရှားဘက်ကထောက်လှမ်းရာမှာ အကူအညီ ဖြစ်သွားမှာကို အမေရိကန်ရော နေတိုးအဖွဲ့ဝင်နိုင်ငံတွေပါ စိုးရိမ်ကြပါတယ်။ S 400 ဝယ်ယူမှုနဲ့ ပတ်သက် ပြီး တူရကီအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ သမ္မတထရမ့်အနေနဲ့ အခုအချိန်အထိ မဆုံး ဖြတ်ရသေးပါဘူး။ ။

 

ကိုးကား- နယူးယောက်တိုင်းမ်