ကိုလံဘို ၁၇ နိုဝင်ဘာ
သီရိလင်္ကာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲ စတင်ကျင်းပလျက်ရှိရာ နိုင်ငံမြောက်ပိုင်း မန်နာမြို့၌ နိုဝင်ဘာ ၁၆ ရက်က မဲဆန္ဒရှင်များလိုက်ပါလာသည့် ဘတ်စ်ကားနှစ်စီးကို သေနတ်သမားတစ်စုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဘတ်စ်ကားနှစ်စီး တိုက်ခိုက်ခံရမှုကြောင့် မဲဆန္ဒရှင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိသော်လည်း ဘတ်စ်ကားများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သေနတ်သမားများသည် ပထမဘတ်စ်ကားကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဒုတိယဘတ်စ်ကားကိုမူ နောက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြရာ ဘတ်စ်ကား လေကာမှန်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။
ဘတ်စ်ကားတို က်ခိုက်ခံရသည့်နေရာသို့ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် သေနတ်သမားများ ထွက်ပြေးသွားခဲ့ကြသည်။ မဲဆန္ဒရှင်များကို ရဲတပ်ဖွဲ့က မဲရုံများဆီသို့ ဘေးကင်းစွာ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဘတ်စ်ကား နှစ်စီးတိုက်ခိုက်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဆင်ဟွာ


