ဗန်ကောက် ၁၈ နိုဝင်ဘာ

လာမည့်သီတင်းပတ်များအတွင်း ကျင်းပရန် စီစဉ်ထားသည့် တောင်ကိုရီးယားနိုင်ငံနှင့်ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ( မတ်ခ်အက်စပါက ကြေညာလိုက်သည်။

အက်ခ်စပါသည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျောင်ကျောင်ဒိုနှင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုသို့ကြေညာခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်ပြုလုပ်နေကျ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့်အတိုင်း ပြုလုပ်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယား နိုင်ငံက ယင်းစစ်ရေးလေ့ကျင့်မှုကိုအပြင်းအထန် ကန့်ကွက်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည့် အစီအစဉ်များကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က စစ်ရေးလေ့ကျင့်မှုများဆိုင်းငံ့ခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန် - ကျော်ထိုက်စိုး