၁၈ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဝန်းကျင်ဒေသရှိ အာဖဂန် တပ်ဖွဲ့လေ့ကျင့်ရေး စင်တာ အပြင်ဘက်တွင် ယနေ့မနက် အစောပိုင်းက အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် တပ်ဖွဲ့ဝင် လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ နေရာတွင် ရဲဌာန ၉ ခုရှိရာ အာဖဂန် အမျိုးသား တပ်မတော်၏ ကဘူးလ်စစ်ရေး လေ့ကျင့်ရေး စင်တာ၏ အပြင်ဘက်တွင် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၀ မိနစ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ကနဦး သတင်းအချက်အလက်များအရ ယင်းအကြမ်းဖက် တိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကဘူးလ် ရဲတပ်ဖွဲ့က ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သဖြင့် အသေးစိတ် အချက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့သည်။
၎င်းပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး ဝန်ထမ်းများသည် ထိုလေ့ကျင့်ရေး စင်တာတွင် ရောက်ရှိနေကြောင်း မျက်မြင်သက်သေ တစ်ဦးဖြစ်သူ တာဟာက ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


