၁၈ နိုဝင်ဘာ

 

တိုကျိုမြို့မြောက်ဘက် ဂွန်မားစီရင်စုရှိ မြို့တစ်မြို့တွင် ပြီးခဲ့သည့်လက အင်အားကြီးမားသည့် တိုင်ဖွန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဂျပန်နိုင်ငံသား မဟုတ်သူများကို ကူညီရန်အတွက်  ယာယီရုံး တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

 

1

 

တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ကြောင့် ရေကြီးမှုကြောင့် အိမ်ခြေ ၁၂၀ ပျက်စီးခဲ့ပြီး ဒေသခံ ၁၈ ရာခိုင်နှုန်း သို့မဟုတ် ၈၀ဝ၀ ဝန်းကျင်မှာ နိုင်ငံခြားသားများ ဖြစ်သည်။

 

ယနေ့ နံနက်တွင် လူအများအပြားသည် နံနက် အစောပိုင်း ကတည်းက ရုံးသို့လာရောက်ပြီး ဘေးအန္တရာယ် ကျရောက်သူဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်များ လာရောက် လျှောက်ထားပြီး အခမဲ့ နေထိုင်ခွင့်ရှိသည့် အများပြည်သူ အိမ်ရာများကို နေထိုင်ရန် လျှောက်ထားခဲ့သည်။

 

အသက် ၃၀ အရွယ်ရှိ ရေလွှမ်းမိုးမှု ခံနေရသည့် ပီရူးအမျိုးသမီးသည် ရုံးမှ အရာရှိတစ်ဉီးမှ သူမ ရရှိမည့် အကူအညီများကို အသေးစိတ် ရှင်းပြခဲ့သဖြင့် ဝမ်းသာကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံသား မဟုတ်သူများကိုလည်း ကူညီရန် ကြိုးစားမည်ဖြစ်ကြောင်း အဆိုပါမြို့၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

 

တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် နေ့လည်ပိုင်းနှင့် ညနေပိုင်းမှစပြီး ကျန်းမာရေးနှင့် လူမှုဖူလုံရေး စင်တာတစ်ခု ဖွင့်လှစ်ထားမည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်