၁၈ နိုဝင်ဘာ
လော့စ်အိန်ဂျလိစ် မြောက်ပိုင်း ၃၅၀ ကီလိုမီတာအကွာ ကယ်လီဖိုးနီးယားပြည်နယ် ဖရက်နိုမြို့တွင် ယမန်နေ့က မိသားစု တစ်စုလုံး အစုလိုက် အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လေးဦး သေဆုံးပြီး အခြား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။
ထိုဖြစ်ရပ်သည် ဘောလုံးပွဲကြည့်ရှုနေသော ဒေသခံတစ်ဦး အိမ်ထဲတွင် ၃၅ ဦးခန့် ရှိနေသည့်အခိုက် ဒေသစံတော်ချိန် ည ၆ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖရက်နိုရဲဌာန လက်ထောက်အကြီးအကဲ မီရှယ် ရိဒ် က ပြောကြားခဲ့သည်။
ကနဦးရရှိသည့် သတင်းအချက်အလက်အရ ထိုအမည်မသိ သေနတ်သမားသည် ယင်းနေအိမ် နောက်ဖေးသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းပစ်ခတ်ခံရသည့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သူ သုံးဦးမှာ အသက် ၂၀ မှ ၃၅ နှစ်အရွယ် အာရှတိုက်သား အမျိုးသားများ ဖြစ်ကြောင်းနှင့် အခြားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


