၁၉ နိုဝင်ဘာ

 

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ ဟောင်ကောင် ရဲတပ်ဖွဲ့မှ ဂျပန်လူမျိုး ခရီးသွားတစ်ဉီးအား ဖမ်းဆီးခဲ့ကြောင်း သံတမန်ရင်းမြစ်များက ပြောကြားခဲ့သည်။

 

 

1

 

အသက် ၂၀ အရွယ် ဂျပန်လူမျိုးတစ်ဉီးအား ဟောင်ကောင် ရဲများဝိုင်းထားသည့် ဟောင်ကောင် ပိုလီတက္ကနစ် ကျောင်းအနီးတွင်  တနင်္ဂနွေနေ့ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

၎င်းသည် ဟောင်ကောင် ဒစ္စနေးလန်းကျွန်းသို့ သွားရောက်လည်ပတ်ပြီး ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြပွဲများအား ကြည့်ရှုရန် သွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများက ပြောကြားခဲ့သည်။

 

အဆိုပါ ကမ္ဘာလှည့် ခရီးသည်မှာ တိုကျိုစိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားတစ်ဉီးဖြစ်သည်။

 

အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် ပတ်သက်၍ ဟောင်ကောင် ရဲတပ်ဖွဲ့မှ ဂျပန်နိုင်ငံသားများကို ဒုတိယအကြိမ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်