နေပြည်တော် ၁၉ နိုဝင်ဘာ 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များ ဖမ်းဆီးလျက်ရှိသည်။

 

441

 

ထိုသို့ဖမ်းဆီးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ လက်ပံကျေးရွာ၏ အရှေ့တောင်ဘက်နှင့် ကန်သာယာကျေးရွာ၏ အနောက်တောင်ဘက် ဝန်းကျင်တို့မှ တရားမဝင် ပျဉ်းကတိုး/ သစ်ယာ/ သန်း/ ကုက္ကိုလ်/ လက်ပံ/ ပိတောက်/ ထောက်ကြံ့/ နှောခွဲသား၊ (၆ ဒသမ ၃၃၅၆)တန်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပန်းပဲ တိုးချဲ့ကြိုးဝိုင်းအတွင်း တရားမဝင်ရုံး/ ဖန်ခါး/ ချဉ်ယုတ်/ လယ်ဇသစ်၊ (၉ ဒသမ ၈၃၆)တန်နှင့် JANGDONG အင်ဂျင်(၁)လုံးပါ တရားမဝင် သစ်စက်နှင့် စက်ဆက်ပစ္စည်းများ၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ကြီးချောင်း တောင်ကြောအတွင်း တရားမဝင်တောင် သရက် (၇၉ ဒသမ ၄၃၄)တန်နှင့် တောင်သရက်ခွဲသား (၈ ဒသမ ၀၉၀၃)တန်၊ စုစုပေါင်း (၈၇ ဒသမ ၅၂၄၃)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သ်စတောဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)