၂၁ နိုဝင်ဘာ
ဩစတြေးလျ အရှေ့တောင်ပိုင်း ဆစ်ဒနီမြို့တွင် တောမီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးများသည် အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်။
ယခုလအတွင်း နယူးဆောက်ဝေးတွင် မီးလောင်ကျွမ်းမှုများသည် ဒေသတစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူ ၄ဉီး သေဆုံးခဲ့ပြီး အိမ်ပေါင်း ၃၀ဝကျော်မှာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်အပတ်က ပြည်နယ်အစိုးရမှ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
အင်္ဂါနေ့ဖြစ်ပေါ်ခဲ့သည့် မီးခိုးများသည် လူဉီးရေထူထပ်သည့် မြို့တော်တွင် လေထုညစ်ညမ်းမှုအဆင့် ၆အထိ ရောက်ရှိခဲ့ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည်။
လေထုညစ်ညမ်းနေသည့်အချိန်များတွင် မြို့တွင်းနေထိုင်သည့်လူများအနေဖြင့် ဆေးလိပ်မသောက်ကြ ရန် လူအများကို နယူးဆောက်ဝေးရှိ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ပူပြင်းခြောက်သွေ့သည့် လေများသည် လာမည်ရက်အတွင်း ဝင်ရောက်မည်ဟု မျှော်လင့်ရကြောင်း မိုးလေဝသဌာန တာဝန်ရှိသူက ပြောကြားသည်။
အထူးသဖြင့် ကျန်းမာရေးမကောင်းသူများသည် အိမ်ထဲတွင် နေထိုင်ကြပြီး ကိုယ်လက်လှုပ်ရှားမှုများ သိပ်မလုပ်ကြရန် ကျန်မာရေးအရာရှိများက ထပ်လောင်းပြောဆိုခဲ့သည်။
နယူးဆောက်ဝေးပြည်နယ်မြို့တော် ဆစ်ဒနီမြို့တွင် လူပေါင်း ငါးသန်းခန့် နေထိုင်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


