mdn

နေပြည်တော် ၂၃ နိုဝင်ဘာ

 

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးမျိုးလွင် ဦးစီးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်တွင် ပင်လောင်းမြို့နယ်၊ နန့်ထာကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၃၁ ဒသမ ၅ ဧကခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သီဟန်ဦးစီးပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန်းနောင်ကားကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၁၃ ဧကခန့်နှင့် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွန့်ဦး ဦးစီးပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၂၀ ဧကခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား