နေပြည်တော် ၂၆ နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်က ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာနှင့် အနီးတစ်ဝိုက်ရှိ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၇ ဧကခန့်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊  ပြင်သာကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း စုစုပေါင်း ၃၄ ဒသမ ၅ ဧကခန့်၊ အလားတူ နောင်တရား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပက္ကော်ကြီးကျေးရွာ၏ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာတို့၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၁၅ ဧကခန့်။

 

အလားတူ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၂၀ ဧကခန့်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ လပင်နွဲ့ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်၊ မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုးနဲမြို့နယ်၊ နန့်ကော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၄ လက်မခန့် ဘိန်းပင်ပေါက် ဘိန်းစိုက်ခင်း ၁ ဧကခန့်၊ အလားတူ မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုင်းပန်မြို့နယ်၊ ကုန်းဆုံ ကျေးရွာအနီး၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း စုစုပေါင်း ၈ ဧကခန့်။

ထို့အတူ ဖလန်း ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူးပါဝင်သည့်  ပူးပေါင်းအဖွဲ့က တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာအနီး၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား

 

 

gwreg