နေပြည်တော် ၂၆ နိုဝင်ဘာ
ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ် ၅၇ စက္ကန့်တွင် နေပြည်တော် မြေငလျင်စခန်းမှ အနောက်တောင်ဘက်(၈၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သရက်မြို့၏ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၉၅ ဒီဂရီ၊ အနက်(၄၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယနေ့ ညနေ ၄ နာရီ ၆ မိနစ်တွင် သရက်မြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။
MDN


