ရေနံချောင်း ၂၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေး ကားလမ်း အုတ်လှလမ်းခွဲအနီးရှိ ဇရပ်၌ ခရီးသည်အမျိုးသမီးတစ်ဦး ရွှေထည်ပစ္စည်းများနှင့် တယ်လီဖုန်းတို့ လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝငာ် ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်က အောင်မင်္ဂလာရပ် ကျောက်ပန်းတောင်းမြို့နေသူ မသက်သက်ခိုင်သည် မကွေးဘက်မှ ရေနံချောင်းဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရန်ကုန်မန္တလေး ကားလမ်းရှိ အုတ်လှလမ်းခွဲအနီး ဇရပ်တွင် နားနေခဲ့သည်။
ထို့နောက် မကွေးဘက်မှ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး မသက်သက်ခိုင်အား ဓားထောက်ကာ လျှိုထဲသို့ခေါ်သွားပြီး ရွှေဆွဲကြိုးတစ်တစ်ကုံး၊ နားစွဲတစ်ရံ၊ လက်စွပ်သုံးကွင်း၊ တယ်လီဖုန်း တစ်လုံး၊ ဆိုင်ကယ်တစ်စီး အား အတင်းယူဆောင်ခဲ့ပြီး နဖူးအားမြေပြင်နှင့် ဆောင့်ခြင်း၊ ခေါင်းအား လက်သီးနှင့်ထိုးခြင်းများ ပြုလုပ်ခဲသဖြင့် အဆိုပါ အမည်မသိအမျိုးသားနှစ်ဦးအား အရေးယူ ပေးပါရန် တိုင်တန်းခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံချောင်းမြို့နယ် ညောင်လှနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)


