နေပြည်တော် ၂၇ နိုဝင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၃ ဒသမ ၃၅၀၉) တန်၊ သစ်မာ (၁၁၁ ဒသမ ၄၈၃၉)တန်၊ အခြား (၅၅၆ ဒသမ ၇၈၃၉)တန် စုစုပေါင်း (၇၁၁ ဒသမ ၆၁၈၇) တန်၊ တရားခံ(၆၀)ဦး၊ ယာဉ်/ယန္တရား (၄၇)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း  သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း (နေပြည်တော်)