နေပြည်တော် ၂၇ နိုဝင်ဘာ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ နိုဝင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂၄ ရက်အတွင်း သစ်တောဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ဖမ်းဆီးရန် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ အနီးဝန်းကျင်နေရာများမှ တရားမဝင် ကညင်/အင်သစ် (၁၉၀ ဒသမ ၅၂၆၀) တန်၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကန်ကျင်းရွာ၊ အရှေ့မြောက်ဘက် တောင်ညိုကျောအတွင်း တရားမဝင် တောင်သရက် သစ်/ခွဲသား (၃၅ ဒသမ ၂၈၀၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်()ရပ်ကွက်၊ အောင်မင်းဂေါင်လမ်း၊ အမှတ် (၅၀၊ ၇၇)ခြံဝန်းအတွင်း တရားမဝင် ပျဉ်းကတိုး/တောင်သရက်ခွဲသား (၃၉ ဒသမ ၉၈၂၂)တန်အား တရားခံ()ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)