ကျောက်ပန်းတောင်း ၂၈   နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း၊ မိုင်တိုင်(၃၈/၂) အနီးတွင် နိုင်ဝင်ဘာ(၂၈)ရက်နေ့၊နံနက်(၆)နာရီက မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းဘက်သို့မောင်းနှင်လာသည့် ၂၂ ဘီး ယာဉ်မှာ အချက်ပြမီးဖွင့်၍ လမ်းဘေးချ ရပ်နားစဉ်၊ CANDAR အမျိုးအစားကုန်တင်ယာဉ်ငယ်မှ နောက်မှဝင်ရောက်တိုက်မိပြီး၊ အဆိုပါ ယာဉ်မောင်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒုတိရရဲအုပ်အောင်အောင်ဦးသည် လက်ပံပျားကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်သွားရောက်စစ်ဆေးရာ၊ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင်(၃၈/၂)အနီးတွင်မိတ္ထီလာ ဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ယာဉ်မောင်း အောင်လွင် ကြံစို့ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နေသူ မောင်းနှင် လာသည့် 7H/-----နောက်တွဲပါ အဖြူရောင် တွဲကားသည် အချက်ပြမီးများဖွင့်ကာ လမ်းဘေးချရပ်ထားစဉ် လားရာတူအရပ်မှ ယာဉ်မောင်း တင်စိုးဝင်း(၂၆)နှစ် ရေချိုကျေးရွာ၊ တောမအုပ်စု၊မိတ္ထီလာမြို့နယ် နေသူ မောင်းနှင်လာသည့်၊ 7L /-----နံပတ်ပါ၊ CANDAR အဖြူရောင် ကုန်တင်ယာဉ်ငယ်က နောက်မှဝင်ရောက်တိုက်မိကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် CANDAR ကုန်တင်ကားငယ်မောင်းနှင်သူ တင်စိုးဝင်းမှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်းနှင့် အဖြူရောင်တွဲကားတွင် ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်အား လက်ပံပျားနယ် မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)