ယမန်နေ့က အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး အကူအညီပေးသည့် ဂျပန်ဆရာဝန်လည်း သေဆုံးခဲ့သည်ဟု ဒေသန္တရ အရာရှိက ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကိုကိုကာတွင် အခြေစိုက်သည့် Peshawar-kai အကူအညီပေးရေး အဖွဲ့က ကိုယ်စားလှယ် အသက် ၇၃ နှစ်အရွယ် တက်စုနာကာမူရာမှာ သေဆုံးခဲ့ပြီး ၎င်း၏ ကိုယ်ရံတော်အပါအဝင် ကားမောင်းသူနှင့် အခြားသူ သုံးဦးမှာ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

အဆိုပါ ဒေသသည် အိုင်အက်စ်တို့ ကြီးစိုးရာ ဒုစရိုက်နယ်မြေတစ်ခု ဖြစ်သည်။

 

အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ ဌာနခွဲသည် အဆိုပါ ဒေသတွင် မကြာသေးမီအတွင်းက လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး အစိုးရဆန့်ကျင်သည့် တာလီဘန်အင်အားစုများသည်လည်း ထိုနေရာတွင် အချိန်အတော်ကြာ လှုပ်ရှားမှု ပြုလုပ်ခဲ့သေးသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn