နေပြည်တော် ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်မှ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက်က နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်စဉ် နောင်ကွဲကျေးရွာအနီး အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၃ ရက်တွင် ဟိုပုံးမြို့နယ် ထမ်းအယ်ကျေးရွာ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၁ ဧကခန့်၊ ပင်လောင်းမြို့နယ် ထာငိုကျေးရွာအရှေ့ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၄ ဒသမ ၅ ဧကခန့်နှင့် ဆီဆိုင်မြို့နယ် နားစေးစောက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


