နေပြည်တော်  ၄  ဒီဇင်ဘာ

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၌ ဒီဇင်ဘာ ၂ ရက်က တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၅ ဦးနှင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသူ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

p002

 

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံဘက်မှ မိုင်းလားဘက်သို့ ထွက်ခွာမည့် YGN 3P/xxxx Vigo ယာဉ်အား စစ်ဆေးရာ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်၊ တိုင်ချိုးကွေးကျေးရွာနေ အိုက်ကျန်းစွဲ့(၃၁)နှစ်ပါ ၅ ဦးနှင့် ၎င်းတို့အား ခေါ်ဆောင်လာသူ မိုင်းပျဉ်းမြို့နယ်၊ ဟိုအုံးကျေးရွာနေ မနန်းလူ(၃၂)နှစ်တို့အား တွေ့ရှိသဖြင့် စစ်မေးရာ အိုက်ကျန်းစွဲ့ပါ ၅ ဦးသည် မနန်းလူအား မိဘများထံ တောင်းရမ်းရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိခဲ့ပြီး ဟိုအုံးကျေးရွာ၌ မနန်းလူအား လက်ထပ်ထိမ်းမြှားကာ ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် အိုက်ကျန်းစွဲ့ပါ ၅ ဦးနှင့် မနန်းလူတို့အား လဝကဥပဒေဖြင့် အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

MDN