နေပြည်တော် ၄ ဒီဇင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်တောကျေးရွာအနီး၌ မြို့သစ်ကြီးကျေးရွာနေ သန်းထွန်း(ခ) ဖိုးတုတ်(၄၃)နှစ်သည် အရှည် ၄ ပေခွဲခန့်ရှိ တူမီးသေနတ် ၁ လက်အား လွယ်လျက်သွားလာနေသည်ကို တွေ့ရှိရသဖြင့် သိမ်းဆည်းကာ သန်းထွန်း(ခ) ဖိုးတုတ်အား နမ္မတီးနယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူထားရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN