၅ ဒီဇင်ဘာ

 

အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ရှိ ပုလဲဆိပ်ကမ်း ရေတပ်သင်္ဘောကျင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဟာဝိုင်ယီရှိ အမေရိကန်စစ်တပ်က ယမန်နေ့က ဆိုသည်။

 

အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။

 

mdn

 

ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်က ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပူးတွဲအခြေစိုက် ပုလဲဆိပ်ကမ်းဟစ်ကမ်မှ တာဝန်ရှိသူများက တွစ်တာတွင် ဖော်ပြထားသည်။

 

ယခုရရှိသည့် ဟာဝိုင်ယီ သတင်းအရ ယင်းပစ်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူ နှစ်ဦးအပါအဝင် သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

mdn

 

ထိုဒဏ်ရာရရှိသူများတွင် အရပ်သားများလည်းပါဝင်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို