၅ ဒီဇင်ဘာ
ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာမြို့တွင် ပညာရေးဆိုင်ရာအဆောက်အအုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၁၁ ဦးမှာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ခုနစ်ဦးမှာ ပြည်နယ်အရေးပေါ်ဌာနမှ ဝန်ထမ်းများဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ပြည်နယ်အရေးပေါ်ဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
မီးသတ်သမားများက လူပေါင်း ၄၀ ကို ကယ်ဆယ်ခဲ့ပြီး အများစုကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုကောလိပ်ကျောင်းဆရာတစ်ဦးမှာ ဒဏ်ရာများဖြင့် ဆေးရုံထဲတွင် သေဆုံးသွားခဲ့သည်။
အိုဒက်ဆာ ကောလိပ် ခြောက်ထပ်အဆောက်အုံ၏ သုံးထပ်မြောက်တွင် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၁၂ မိနစ်က မီးလောင်ကျွမ်းမှုစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Ukrinform က သတင်းဖော်ပြထားသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် ထိုကောလိပ်၌ လူပေါင်း ၄၀ဝ ခန့် ရှိနေသည်ဟု သိရသည်။
ထိုကောလိပ်အဆောက်အအုံတွင် စတုရန်းမီတာ ၃၀ဝ၀ ကျော် အကျယ်အဝန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


