ကောလင်း ၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၄ ရက်နေ့ က တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရရှိမှုမှာ ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနား ကားလမ်းပေါ် ပဒုမ္မာကျေးရွာအနီး မော်တော်ယာဉ်အမှတ်၊ (3A/8283) (Canter ဖြူပြာကြား ၆ ဘီး) ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၆၀)ချောင်း (၃ ဒသမ ၄၀၂၂)တန်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဆက်စပ် ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


