၅ ဒီဇင်ဘာ
ဂျာမနီနိုင်ငံ ဘာလင်မြို့က ပန်းခြံတခုမှာ ချေချင် လွတ်မြောက်ရေးခေါင်းဆောင်ဟောင်းတစ်ဦး အသတ်ခံရတာနဲ့ ပတ်သတ်ပြီး အဲဒီနောက်ကွယ်မှာ မော်စကို ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြီး သံဝန်ထမ်နှစ်ဦးကို မနေ့က ဂျာမနီနိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။
အခုလို သံဝန်ထမ်းတွေကို နှင်ထုတ်မှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒါက အခြေအမြစ်မရှိဘဲ ကြေက်စရာကောင်းတဲ့ စွပ်စွဲချက်နဲ့ ရန်စလိုက်တာသာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ခရိုင်နာ တီယာဂါးဒင် (Kleiner Tiergarten) ပန်းခြံမှာ အသက် ၄၀ အရွယ် ဇီလင်းခန် ခန်ဂါရှီဗီလီ ကို သေနပ်နဲ့ နှစ်ချက်ပစ်ပြီး သတ်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီး မကြာခင်မှာ ရုရှာတစ်ဦးကို သံသယရှိတဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိသူဟာ စက်ဘီးစီးလာကြောင်း ကျောက်တုံးထည့်ထားတဲ့ အိတ်ထဲမှာ သေနတ်နဲ့အတူ အဲဒီစက်ဘီးကို မြစ်တစ်စင်းထဲ ပစ်ချကြောင်း မျက်မြင်သက်သေက ပြောဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဆံပင်အတုတစ်ခုပါ တွေ့ရှိတဲ့အတွက် အဲဒီလူသုံးစွဲနိုင်ကြောင်း၊ ဖမ်းဆီးထားသူဟာ ဗာဒင် အက်စ် လို့သာ အမည်ပါတဲ့ မှတ်ပုံတင်အတုဖြစ်နိုင်ကြောင်း ပြောပါတယ်။
MDN
ကိုးကား- AFP


