ဝါရှင်တန် ၆ ဒီဇင်ဘာ
ဟာဝိုင်ယီရှိ ပုလဲဆိပ်ကမ်းရေတပ်သင်္ဘောကျင်း၌ အမေရိကန်သင်္ဘောသားတစ်ဦးသည် သူ့ကိုယ်သူ သေကြောင်းမကြံမီ လူနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး တတိယတစ်ဦးကို ဒဏ်ရာရရှိစေခဲ့ကြောင်း ရေတပ်အဆင့်မြင့်အရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်က ပြောကြားလိုက်သည်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာကို တစ်နာရီကျော်ကြာ ပိတ်ခဲ့ရကြောင်း သိရသည်။ ရေတပ် အရာရှိများကလည်း အဆိုပါတိုက်ခိုက်မှုသည် မည်သည့်အတွက်ကြောင့် ဖြစ်ပွားခဲ့သည်ဆိုသည့်အချက်ကို စုံစမ်းစစ်ဆေး လျက်ရှိသည်။
သေနတ်ပစ်ခတ်မှု သုံးခုဖြစ်ပွားခဲ့သည်ကို မိမိအနေဖြင့် အတည်ပြုကြောင်း၊ သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူမှာ အခြေအနေများ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ရေတပ် ဗိုလ်ချုပ် ရောဘတ်ချက်ဝှစ်က်က ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်သူမှာ ယူအက်စ်အက်စ်ကိုလံဘီယာတွင် တာဝန်ကျနေသည့် သင်္ဘောသားတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်မှာလည်း သေဆုံးသွားကြောင်း သိရသည်။ မျက်မြင်တွေ့ရှိသူတစ်ဦးက ၎င်းသည် သူ၏ကွန်ပျူတာရှေ့တွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်သံများကို ကြားရပြီး ပြတင်းပေါက်ဆီသို့ ပြေးလာသည့် အသံများကိုလည်း ကြားရကြောင်း၊ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် လူသုံးဦးလဲကျနေသည်ကိုလည်း တွေ့ရကြောင်း ဒေသတွင်းမီဒီယာကို ပြောကြား ခဲ့သည်။
အမည်မဖော်လိုသော မျက်မြင်တွေ့ရှိသူက ၎င်းသည် သေနတ်သမားကို တွေ့လိုက်ကြောင်း၊ သေနတ်သမားသည် သင်္ဘောသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခေါင်းကို သူကိုင်ဆောင်ထားသော သေနတ်ဖြင့် ပစ်လိုက်ကြောင်း ပြောကြား သည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟိုဂန်ဂစ်လေးက အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source>အေအက်ဖ်ပီ


