၆ ဒီဇင်ဘာ
ပြီးခဲ့သည့် နိုဝင်ဘာလက အစိုးရ လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့ပြီးနောက် ပြီးခဲ့သည့် အီရန်နိုင်ငံ ဆန္ဒပြပွဲများတွင် လူပေါင်း ၁၀ဝ၀ ကျော် သေဆုံးခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အီရန်နိုင်ငံ အနောက်တောင်ဘက်ရှိ မြို့တစ်မြို့တွင် အစ္စလာမ္မစ်တော်လှန်ရေး ကင်းစောင့်တပ်ဖွဲ့က ဆန္ဒပြသမားများကို စက်သေနတ်များဖြင့် ပစ်ခတ်နေသည့် ရုပ်သံဗီဒီယိုကို အစိုးရက ရရှိခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဘရီရမ် ဟုခ် က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုပစ်ခတ်မှုတွင် ဆန္ဒပြသူ ၁၀ဝ ခန့် သေဆုံးခဲ့ကြောင်း နှင့် မြို့တော် တီဟီရန်အနီးတစ်ဝိုက် တွင် ရာနှင့်ချီသော ဆန္ဒပြသမားများ သေဆုံးခဲ့ကြောင်းကို သတင်းဖော်ပြထားသည်ဟု ဘရီရမ် ဟုခ် က ဆိုသည်။
အဆိုပါ ဆန္ဒပြပွဲများ စတင်ဖြစ်ပွားချိန်ကစပြီး သေဆုံးသူပေါင်း ၁၀ဝ၀ ကျော် ရှိပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံအားလုံးအနေဖြင့် အီရန်ပြည်သူများနှင့်အတူရပ်တည်ရန်၊ သံတမန်နည်းအရ အစိုးရကို အဆက်ဖြတ်ရန် နှင့် သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် ဖြစ်သည်ဟု ဘရီရမ် ဟုခ် က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


