၉ ဒီဇင်ဘာ

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားချိန် ဝှိုက်ကျွန်းအနီးတွင် လူအယောက် ၁၀၀ ရှိသည် ဟု နယူးဇီလန်ဝန်ကြီးချုပ် က ဆိုသည်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

ထိုကျွန်းပေါ်တွင် ဒေသစံတော်ချိန် ည ၂ နာရီ ၃၀ မိနစ် က မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းကျွန်းသည် နယူးဇီလန်နိုင်ငံ မြောက်ဖက်ကျွန်း ၏ အရှေ့ဘက်ကမ်းလွန်ဒေသ ၅၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို