၉ ဒီဇင်ဘာ

အာဖဂန်နစ္စတန်နိုင်ငံတွင် ပစ်သတ်ခံရသော ဂျပန်ဆရာဝန် နာကာမူရာ၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိမြို့ ဖြစ်သော ဂျပန်နိုင်ငံတောင်ပိုင်း  ဖူကူအိုကာမြို့ သို့ လေယာဉ်ဖြင့် သယ်ဆောင်လာရာ ယနေ့ မနက်စောပိုင်းတွင်ရောက်ရှိခဲ့သည်ဟု သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်အရှေ့ပိုင်း ဂျလာလာဘတ်မြို့တွင် အမည်မသိ သေနတ်သမားအုပ်စုတစ်စု၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဒေါက်တာ တက်ဆုနာကာမူရာ သေဆုံးသွားခဲ့သည်။

ထိုခေါင်းတလား သယ်ဆောင်လာသော လေယာဉ်သည် တိုကျိုမြို့အနီး နာရီတာလေဆိပ်သို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိခဲ့သည်။ထိုလေယာဉ်ပေါ်တွင် နာကာမူရာ၏ ဇနီး  နာအိုကို နှင့် သမီးဖြစ်သူ အာကီကို တို့ လိုက်ပါလာကြသည်။

နာရီတာလေဆိပ်၌ နာကာမူရာ၏ ဆွေမျိုးများနှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများသည် ထိုခေါင်းတလားရှေ့တွင် စုဝေး ဂါရဝပြုခဲ့ကြသည်။၎င်းတို့သည် ပန်းများကိုင်ဆောင်ကာ တဒင်္ဂ ငြိမ်သက်နေခဲ့ကြသည်။

၎င်းအသုဘ အခမ်းအနားကို ဖူကူအိုကာတွင် ဗုဒ္ဓဟူးနေ့ ကျင်းပရန်စီစဉ်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို