၉ ဒီဇင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒက်ခ် ပြည်နယ်တွင် အပြီးသတ်စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်သွေးကြွ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရတ် ရာဟီမီက ယနေ့အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
ကြီးကြပ်စစ်ဆင်ရေးကာလအတွင်း စစ်သွေးကြွများ၏ အဓိက အခြေစိုက်စခန်းတစ်ခုကိုလည်း ဖျက်ဆီးပစ်ခဲ့ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးချုပ် ခိုရှယ်လ် ဆာဒတ်ရာဟီမီ က ပြောကြားခဲ့သည်။
ထိုဒေသရှိ လက်နက်ကိုင်စစ်သွေးကြွများ နောက်ဆုံး ရှင်းလင်းပြီးသည်အထိ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
အဆိုပါ ပြောရေးဆိုခွင့်ရှိသူက လုံခြုံရေးဝန်ထမ်းများ သေဆုံးခြင်း ရှိ၊ မရှိ ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
ကဘူးလ်မြို့တော် အနောက်ဘက် ၃၅ ကီလိုမီတာ အကွာမာဒန်ရှာနှင့် ဝါဒက်ခ် ပြည်နယ်များရှိ တာလီဘန်စစ်သွေးကြွများက ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


