ပလ ၁၆ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက အလျား(၈)ပေ၊ အနံ(၆)ပေ၊ သွပ်မိုး၊ ဝါးကာတဲ၌ ရာဘာမှိုင်းခံထားရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့သည်။
မီးလောင်ရာသို့ ပလမြို့ နယ်မြေမီးသတ်စခန်းနှင့် ဒေသခံတို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ရာဘာပိသာချိန် ၄၀ ခန့် မီးလောင်ကျွမ်းခဲ့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


