နေပြည်တော်  ၁၆   ဒီဇင်ဘာ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာ၊ လားရှိုး-မူဆယ်သွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လိကြားလျန်း မောင်းနှင်လာသော မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၃,၁၂၀ တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် လိကြားလျန်း(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

သတင်းစဉ်