၁၉ ဒီဇင်ဘာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်မှုကို အောက်လွှတ်တော်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ရေးရာကိစ္စများကို နှောင့်ယှက်ဟန့်တားမှုများဖြင့် စွဲချက်တင်ခံထားရခြင်းဖြစ်သည်။ လွှတ်တော်ရေးရာကိစ္စများကို နှောင့်ယှက်ဟန့်တားမှုနှင့် အာဏာအလွဲသုံးစား လုပ်မှုအတွက် မဲပေးခဲ့ကြပြီး စွဲချက်တင်ရန် ဒီမိုကရက်များ ကြီးစိုးသည့် အောက်လွှတ်တော်မှ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
လာမည့်နှစ်အစောပိုင်းတွင် ထရန့်အား ရာထူးမှ ဖယ်ရှားနိုင်ရန် တရားရုံးမှ ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ရပြီး အဆိုပါကိစ္စသည် အထက်လွှတ်တော်သို့ ပြောင်းလွှဲရောက်ရှိသွားမည်ဖြစ်သည်။
ဒီမိုကရက်တစ်များဉီးဆောင်သည့် အောက်လွှတ်တော်က အတည်ပြုလိုက်သည့် စွပ်စွဲပြစ်တင်မှု ပုဒ်မနှစ်ခုကို အောက်လွှတ်တော်တရားစီရင်ရေးကော်မတီတွင် ယနေ့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းသမ္မတအား နိုင်ငံရေးအရ အမြတ်ထုတ်ရန် ဖိအားပေးခြင်းကြောင့် အာဏာကို အလွဲသုံးစားမှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်အပေါ် လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းကို ထရန့်က အာဏာအလွဲသုံးစား ပြုလုပ်၍ ဟန့်တားခဲ့ခြင်းတို့ဖြစ်သည်။
အမေရိကန်သမိုင်းတစ်လျှောက်တွင် ထရန့်သည် တရားစွဲခံရသည့် တတိယမြောက် သမ္မတဖြစ်လာခဲ့သည်။
သို့သော်လည်း စွပ်စွဲပြစ်တင်မှု၏ ရလဒ်ကြောင့် သမ္မတထရန့်အား ရာထူးမှ ဖယ်ရှားခြင်း ပြလုပ်နိုင်မည်မဟုတ်ချေ။
သမ္မတအား စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန်အတွက် မဲအများစုမှာ သုံးပုံနှစ်ပုံရရှိရန် လိုအပ်သည်။
ရီပတ်ပလစ်ကန်အမတ်များက လွှတ်တော်၌အမတ်နေရာအများစု ရယူထားသောကြောင့် ထရန့်အား စွပ်စွဲပြစ်တင်မှုမှ လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


