၁၉ ဒီဇင်ဘာ
သြစတြေးလျနိုင်ငံရဲ့ နယူးဆောက်ဝေးလ်(NSW)ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ NSW ပြည်နယ်မှာ လနဲ့ချီပြီး တောမီးလောင်နေလျက်ရှိရာ လက်ရှိအချိန်အထိ နေရာပေါင်း ၁၀ဝ မှာ မီးလောင်နေဆဲ ဖြစ်ပါတယ်။
အခုလို တောမီးဆက်လက် လောင်ကျွမ်းနေတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေကို ၇ ရက်တိတိ ထားရှိမယ်လို့ ဒီကနေ့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားခြင်းအားဖြင့် မီးသတ်ဌာနမှ တောမီးငြိမ်းသတ်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားနိုင်မယ်လို့ ဆိုပါတယ်။
တောမီးကြောင့် နိုင်ငံနဲ့တစ်ဝှမ်းရှိ သစ်တောဧက သန်းပေါင်း ၇.၄ လောင်ကျွမ်းပြီး လူ ၆ ဦး သေဆုံးကာ အိမ်ခြေ ၇၀ဝ နီးပါး မီးလောင်ခံခဲ့ရပါတယ်။
တောမီးကြောင့် နိုင်ငံတစ်ဝှမ်းမှာ အပူချိန်မြှင့်တက်နေရာ အင်္ဂါနေ့က ၆ နှစ်အတွင်း စံချိန်သစ်တင်ထားတဲ့ အပူချိန်ထက် ဗုဒ္ဓနေ့က စံချိန်ချိုးခဲ့ကြောင်း သိရပါတယ်။ အင်္ဂါနေ့က ၄၀.၉ ဒီဂရီစင်တီဂရိတ် ရှိပြီး ဗုဒ္ဓဟူးနေ့မှာ ၄၁.၉ ဒီဂရီစင်တီဂရိတ် အထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က အခုတောမီးလောင်ခြင်းရဲ့ နောက်ကွယ်မှာ ရာသီဥတုပြောင်းလဲခြင်းက အချက်တစ်ချက်ဖြစ်ကြောင်း ဝန်ခံသွားပါတယ်။
ရာသီဥတုပြောင်းလဲမှု အရေးလှုပ်ရှားသူတွေက ဆစ်ဒနီရှိ မော်ရစ်ဆင်ရဲ့ ရုံးခန်းအထိ ချီတက် ဆန္ဒပြခဲ့ပေမယ့် ဝန်ကြီးချုပ်မော်ရစ်ဆင်က ရက်အားဖြစ်တဲ့အတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုကို အလည်အပတ်ခရီး ရောက်ရှိနေပါတယ်။
MDN
ကိုးကား - AFP


