နေပြည်တော် ၂၀ ဒီဇင်ဘာ 


ဒီဇင်ဘာ (၂၀)ရက် မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၀၉)မိနစ်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈၂၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Hindu Kush Region, Afghanistan)၊ မြောက်လတ္တီတွဒ် (၃၆.၅၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၇၀.၆၁)ဒီဂရီ တွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ မြေငလျင်သည် အနက် (၂၀၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၁) အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။


MDN