၂၃ ဒီဇင်ဘာ

အာဏာအလွဲသုံးစားမှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး တရားရေးဝန်ကြီးဟောင်း ချိုခွတ်ကို ဖမ်းဆီးရန် တောင်ကိုရီးယားအစိုးရရှေ့နေများ ကြိုးပမ်းနေကြသည်။

ဘူဆန်မြို့၏ ဒုတိယမြို့တော်ဝန်ဟောင်းတစ်ဦး ပါဝင်သည့် လာဘ်ပေးလာဘ်ယူမှုကို တရားမဝင် အဆုံးသတ်ခဲ့သည်ဟု သမ္မတရုံးက စွပ်စွဲခဲ့ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာက ဖော်ပြထားသည်။

ချိုခွတ်သည် အကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးကြီးကြပ်ရသည့် သမ္မတရုံး လူထုရေးရာဌာန၏ အကြီးအကဲဖြစ်သည်။

ချိုခွတ်သည် ထိုအမှုနှင့်ပတ်သက်ပြီး အစိုးရရှေ့နေများ၏ မေးမြန်းခြင်းခံခဲ့ရသည်။

ချို၏မိသားစုနှင့်ချိုတို့ ပါဝင်သည့် မကောင်းသတင်းများကြားမှချိုသည် အောက်တိုဘာလတွင် တရားရေးဝန်ကြီး ရာထူးမှနှုတ်ထွက်ခဲ့သည်။

ချိုခွတ်ကို ဖမ်းဆီးရန် အမိန့်စာတောင်းခံသော အစိုးရရှေ့နေများ၏ ကြိုးပမ်းမှုသည် ချိုခွတ်ကိုအဆင့်မြင့်အစိုးရရာထူးခန့်အပ်ခဲ့သည့် သမ္မတ မွန်ဂျေအင်း ကို စိတ်ထိခိုက်မှုများ ထပ်မံဖြစ်ပေါ်စေမည်ဟု  မျှော်လင့်ရသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို