၂၃ ဒီဇင်ဘာ
ဟွန်ဒူးရပ်စ်နိုင်ငံအလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက အကျဉ်းသားများအကြား အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားကြကာ အကျဉ်းသား ၁၈ ဦး သေဆုံးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
တခြားအကျဉ်းထောင်တွင် အကျဉ်းသား ၁၈ ဦး သေဆုံးပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ယင်းသို့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အကျဉ်းသားများအကြား သေစေနိုင်သောခိုက်ရန်ဖြစ်ပွားမှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအကျဉ်းထောင်စနစ်တွင် အရေးပေါ်အခြေအနေတစ်ရပ်ကို အစိုးရက မကြာသေးမီကပင် ကြေညာခဲ့သည်။
ထိုအမျိုးသားအကျဉ်းထောင် ဝန်ထမ်းများကို ၎င်းတို့၏လုပ်ငန်းတာဝန်မှ ခြောက်လကြာ ဆိုင်းငံ့ထားသည်ဟု ဖော်ပြထားသည်။
လူများပြည့်ကျပ်နေသော အကျဉ်းထောင်များတွင် အကျဉ်းသား ၂၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


