၂၃ ဒီဇင်ဘာ

မြောက်ကိုရီးယားနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများ မြှင့်တက်နေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆူ မိုတီဂီနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

အဆိုပါ အစည်းအဝေးမှာ  အမေရိကန်ပြည်ထောင်စု၏ အနောက်ကမ်းခြေရှိ မြို့တွင် အစည်းအဝေးပွဲအတွက် အစီအစဉ်များပြုလုပ်နေကြောင်း ဝါရှင်တန်ရှိ သံတမန်ရင်းမြစ်များက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးလျော့ချရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်ကြရမည်ကို ပွန်ပီယိုနှင့် မိုတီဂီတို့က ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

ယခုနှစ်ကုန်တွင် ပိတ်ဆို့အရေးယူမှုမရှိသည့် နျူကလီးယားလျှော့ချဆွေးနွေးပွဲများပြုလုပ်ရန်နှင့် လိုက်လျောမှုများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုအား မြောက်ကိုရီးယားနိုင်ငံက တိုက်တွန်းထားသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အချိန်ကန့်သတ်ချက်ကို တစ်ဖက်သတ် သတ်မှတ်ခဲ့သည်။

တာဝေးပစ်ဒုံးကျည်အသစ်များ စမ်းသပ်နေသည်ဟု ယူဆရသည့် လှုံဆော်မှုများကိုလည်း မြောက်ကိုရီးယားနိုင်ငံက အရိပ်အမြွက်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်ဟွာသည်  ဇန်နဝါရီလလယ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် အစီအစဉ်ကို ဆွဲနေကြောင်း တောင်ကိုရီးယားသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မိုတီဂီနှင့် ကန်တို့သည် တစ်ချိန်တည်း အမေရိကန်ပြည်ထောင်စုသို့ လာရောက်ပါက အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည့် ငါးလအတွင်း ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေးကို ကျင်းပနိုင်မည်ဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်