၂၃ ဒီဇင်ဘာ

သြစတြေးလျနိုင်ငံတွင်းက တောမီးကြောင့် ရာသီဥတုကို ပြောင်းလဲစေတဲ့ ကျောက်မီးသွေး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေ ကျယ်လောင်လာစဉ်မှာ  ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် က  ဒီကနေ့(တနင်္လာနေ့) မှာ အဲဒီတောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။

နိုင်ငံအတွက် ဝင်ငွေကောင်းတဲ့ ကျောက်မီးသွေးလုပ်ငန်းကို မျက်နှာသာပေးတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အဲဒီဒေသမှာ ထောက်ခံမဲ ပိုရလာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်က နိုင်ငံမှာ ထောင်ချီပြီး အလုပ်ပေးထားတဲ့ ရိုးရာလုပ်ငန်းတွေကနေ ထွက်ခွာသွားအောင်မလုပ်ဘူး။ နိုင်ငံရဲ့ စီးပွားရေးကို ယိမ်းယိုင်သွားစေမယ့်ဟာကို မလုပ်ဘူးလို့ သတင်းမီဒီယာတွေကို ပြောကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လောင်ကျွမ်းနေတဲ့တောမီးကြောင့် လူကိုးဦးသေဆုံးပြီး ရာချီတဲ့အိမ်ယာတွေလည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသားအများစုက ဝန်ကြီးချုပ် မော်ရစ်ဆင်ရဲ့အစိုးရအဖွဲ့ဟာ ကမ္ဘာကြီးပူနွေးမှုကို ဖြေရှင်းမှုအားနည်းတယ်လို့ ပြောဆိုနေစဉ်မှာ တောမီးဟာအကြီးအကျယ် လောင်ကျွမ်းလာတဲ့အတွက် ဝေဖန်မှုတွေက ပိုမိုကြီးထွားလာ ပါတယ်။

နယူဆောက်ဝေး ပြည်နယ်(NSW) မှာ တောမီးစလောင်ကတည်း လူအသေအပျောက်မရှိပေမယ့် မီးသတ်သမား တချို့ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ ၈၀ဝ ကျော် မီးလောင်ကျွမ်းကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့်  သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ အိမ်ခြေ ၈၆ လုံး အနည်းဆုံးလောင်ကျွမ်းပြီး အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦး သူ့အိမ်ထဲမှာ လောင်ကျွမ်းနေတာကို နေတာကိုတွေ့ရပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ရာသီဥတုက အေးလာနိုင်တဲ့အခြေအနေမှာ မီးကိုထိန်းနိုင်အောင်လုပ်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

MDN

ကိုးကား - AFP