၂၃ ဒီဇင်ဘာ

ယနေ့ဖြစ်ပွားခဲ့သော အာဖဂန်နစ္စတန်တိုက်ပွဲများအတွင်း နေတိုးဦးဆောင်သည့် အာအက်စ် အဖွဲ့မှ အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အာအက်စ်တပ်ဖွဲ့များက အတည်ပြုပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အမေရိကန်စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် မဟာမိတ်အဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒနှင့်အညီ ထိုသေဆုံးသူအမေရိကန်စစ်သား၏ နာမည်ကို ၎င်း၏ဆွေမျိုးသားချင်းများထံ အကြောင်းကြားပြီးနောက် ၂၄ နာရီအတွင်း ထိမ်ချန်ထားမည် ဖြစ်ကြောင်း ပြောဆိုကာ အသေးစိတ်အချက်အလက်များ ကို ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အာအက်စ်အဖွဲ့သည် နေတိုးဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး နေတိုးနှင့် အမေရိကန်တပ်ဖွဲ့များ၏တိုက်ပွဲများ အဆုံးသတ်ပြီးနောက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်ပွဲများတွင် အာဖဂန်တပ်ဖွဲ့များကိုကူညီရန် လေ့ကျင့်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ထောက်ပံ့ပေးခြင်း တို့လုပ်ဆောင်ရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ရှိနိုင်ငံခြားတပ်ဖွဲ့ဝင် ၁၆၀၀၀ခန့် တပ်ချထားကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန်စစ်ပွဲသည် အမေရိကန်သမိုင်းတွင် အရှည်ဆုံးစစ်ပွဲဖြစ်သည်။ ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်တို့ ကျူးကျော်ဝင်ရောက်ပြီးချိန်မှစ၍ အမေရိကန်တပ်ဖွဲ့ဝင် ၂၄၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို