၂၅  ဒီဇင်ဘာ

 

ဒီဇင်ဘာ (၂၅) ရက် မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၃၄) မိနစ်တွင် ကသာမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၉) မိုင် ခန့်ကွာဝေးသော ထီးချိုင့်မြို့၏ အနောက်တောင်ဘက် (၁၀) မိုင်ခန့် အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ( ၂၃.၆၅ ) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ( ၉၆.၀၄ ) ဒီဂရီ၊ အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) ဆင့်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN