၂၆ ဒီဇင်ဘာ
ယနေ့ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၄၂)မိနစ်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၁)မိုင် ခန့်ကွာဝေးသော ချီဗွေမြို့၏ အနောက်-အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာတွင် မြေငလျင်လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါမြေငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၈၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.ဝ၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
MDN


